Post by ITC Sinde | 2019-12-12

ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း အမှတ်(၁)စက်မှုသင်တန်း ကျောင်း(ဆင်တဲ)သို့ ရောက်ရှိ စစ်ဆေး စဉ်


စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ဒီဇင်ဘာလ(၉)ရက်နေ့ နံနက်ပိုင်းတွင် အမှတ်(၁)စက်မှုသင်တန်း ကျောင်း(ဆင်တဲ)သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမတွင် ကျောင်းအုပ်ကြီးက သင်တန်းများဖွင့်လှစ်နေမှုအခြေအနေ၊ သင်တန်းဆိုင်ရာကိစ္စရပ်များ၊ ကာလတို သင်တန်းများ၊ စက်မှုနှင့််အသက်မွေးပညာ ရွေ့လျားသင်တန်းများဖွင့်လှစ်ခဲ့မှုအခြေ အနေနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များကို ရှင်းလင်းတင်ပြပါတယ်။

ပြည်ထောင်စုဝန်ကြီးက စက်မှုလုပ်ငန်းများအတွက် ကျွမ်းကျင်လုပ်သားများကို အရေအတွက်များများ မွေးထုတ် ပေးရန်၊ အမှန်တကယ် ကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်သင်ကြားပေးရန်၊ သင်တန်သားများ ပိုမိုလက်ခံသင်ကြားပေးနိုင်ရေး စီမံဆောင်ရွက်ရန်၊ သင်ထောက်ကူ ပစ္စည်းများကိုလည်း ပိုမိုပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်ရေးဆောင်ရွက်ရန်၊ သင်တန်း သားများ သင်တန်းပြီးဆုံးပါက ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်သည် အထိ ဦးတည်လေ့ကျင့်ပေးရန်၊ ခေတ်နှင့်အညီ တိုးတက်ဖြစ်ထွန်းနေသော နည်း ပညာသစ်များကို လေ့ကျင့်သင်ကြားပေးနိုင်ရန်၊ Training of Trainer သင်တန်း များဖွင့်လှစ်ရန်၊ သင်တန်းသားများအား အခြေခံကျွမ်းကျင်လုပ်သားများမှ တစ်ဆင့်မြင့် နည်းပညာရှင်များအဖြစ်သို့ အဆင့်ဆင့်ပေါင်းကူး လေ့ကျင့်သင်ကြားပေးနိုင်ရေး စီမံ ထားရှိရန်တို့ကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသား/သူများ နှင့်တွေ့ဆုံ၍ နိုင်ငံ၏အနာဂတ်သည် လူငယ်လူရွယ်များ၏ လက်ထဲတွင်ရှိ၍ သင်တန်းကျောင်းမှ သင်ကြားပြသမှုများကို ကြိုးစားသင်ယူကြရန်၊ အောင်မြင်မှု ရရှိရန်နှင့် မိမိဘဝ တိုးတက်မြင့်မားအောင် မိမိတို့ကိုယ်တိုင် ကြိုးစားအားထုတ်ကြ ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အားလုံး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် ကြရန်လိုအပ်ကြောင်းလမ်းညွှန်မှာကြားသည်။

Back ⇦

(1) Machine Tool Operator Course

(2) Tool and Die Maker Course

(3) Machinery Fitter Course

(4) Motor Vehicle Mechanic Course

(5) Pattern Maker Course

(6) Mechanical Draughtsman Course

(7) Electrical Fitter Course

(8) Information Technology Course

(၁) အမှတ်(၂)စက်မှုသင်တန်းကျောင်း ( မန္တလေး )

(၂) အမှတ်(၃)စက်မှုသင်တန်းကျောင်း (သာဂရ )

(၃) အမှတ်(၄)စက်မှုသင်တန်းကျောင်း (ပခုက္ကူ )

(၄) အမှတ်(၅)စက်မှုသင်တန်းကျောင်း (မကွေး )

(၅) အမှတ်(၆)စက်မှုသင်တန်းကျောင်း ( မြင်းခြံ )

Name

Email Address

Course of Interest

Message