COURSE OVERVIEW

Electrical Fitter သင်တန်းသားများသည် အရည်အချင်းရှိသော လျှပ်စစ်ကျွမ်းကျင် လုပ်သားများ ဖြစ်လာစေရန် လုပ်ငန်းခွင် အန္တရာယ် နှင့် လျှပ်စစ် အန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းစည်းကမ်းများ ကို သိရှိနားလည်လိုက်နာဆောင်ရွက်နိုင်ခြင်း၊ လျှပ်စစ်လုပ်ငန်းများ ကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ခြင်း၊ လျှပ်စစ်နှင့်ဆိုင်သော နည်းပညာဗဟုသုတ များကို သိရှိအသုံးချနိုင်ခြင်း၊ လုပ်ငန်းအပေါ်တွင် စိတ်နေစိတ်ထားကောင်းမွန်စွာ လုပ်ကိုင်ခြင်း နှင့် တာဝန်ယူခြင်း စသည် တို့ကို လေ့လာသင်ယူလေ့ကျင့်ရပေမည်။
    Electrical Fitter သင်တန်းတွင် သီအိုရီ ၃၀ % ၊ လက်တွေ့ ၇၀% ပုံစံ ဖြင့် လေ့လာရေးနယ်ပယ်များ ခွဲခြား ၍ စနစ်တကျ သင်ယူရပါသည်။ သီအိုရီ သင်ခန်းစာ အဖြစ် အင်္ဂလိပ်စာ၊ ကွန်ပျူတာ အခြေခံ ၊ လျှပ်စစ်နည်းပညာ စသည့် ဘာသာရပ်များ အတိုင်း သင်ကြားမှု နယ်ပယ် အသီးသီးတွင် (က) လုပ်ငန်းဆောင်ရွက်ရန် အသင့်ပြင်ဆင်ခြင်း ( လိုအပ်သော ပုံများ ရေးဆွဲခြင်း ၊ စက်များ ၊ အသုံးအဆောင် ပစ္စည်းများ ၊ လက်သုံးကိရိယာများ စုဆောင်းပြင်ဆင်ခြင်း ) (ခ) လုပ်ငန်းကို ကျွမ်းကျင်စွာ အစီအစဉ်တကျ လုပ်ကိုင် ဆောင်ရွက်ခြင်း (ဂ) လုပ်ငန်းပြီးဆုံးပါက မှန်ကန်ကောင်းမွန်မှု ရှိသည်ကို တိုင်းတာစစ်ဆေး ခြင်း      “ လိုအပ်ပါက အပြစ်ရှာဖွေပြုပြင်ခြင်း” (ဃ) လုပ်ငန်းခွင် အား ပြန်လည်ရှင်းလင်းသိမ်းဆည်းခြင်း စသည့်လုပ်ငန်း အဆင့်ဆင့်ကို လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး စည်းမျဉ်းစည်းကမ်းများ နှင့် အညီ စနစ်တကျ ကျွမ်းကျင် စွာ ဆောင်ရွက်နိုင်ရန် သင်ကြားလေ့ကျင့် ကြရပါသည်။
    Electrical Fitter သင်တန်းဆင်းများသည် လျှပ်စစ်ကျွမ်းကျင် လုပ်သားများ အဖြစ် (၁) နေအိမ်များ၊ စက်ရုံအလုပ်ရုံများ တွင် လျှပ်စစ်မီးသွယ်တန်းတပ်ဆင်ခြင်း ၊ အပြစ်ရှာဖွေ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ (၂) လျှပ်စစ်ထိန်းချုပ်မောင်းနှင်မှု အမျိုးမျိုး ကို တည်ဆောက်ခြင်း နှင့် အပြစ်ရှာဖွေ ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ  (၃) လျှပ်စစ် မော်တာ၊ ဂျင်နရေတာ နှင့် ထရန်စဖော်မျာ များ ထိန်းသိမ်းခြင်း နှင့် အပြစ်ရှာဖွေ ပြုပြင်ခြင်း လုပ်ငန်းများ (၅) လေဖိအားသုံးစက်များ ၏ ထိန်းချုပ်မှု စနစ်များ ကို တည်ဆောက်ခြင်း ၊ ထိန်းသိမ်းခြင်း နှင့် အပြစ်ရှာဖွေခြင်း လုပ်ငန်းများ ကို ဘေး အန္တရာယ် ကင်းကင်း ဖြင့် ကျွမ်းကျင် စွာ လုပ်ကိုင်ဆောင်ရွက် နိုင်သည့် အပြင် ပိုမို အဆင့်မြင့်သော Electronic control system များ ၊ Digital control system များ ၊ Building automation system များ ၊ Mechatronic system များ ကို အလွယ်တကူ ဆက်လက် လေ့လာနိုင်ပါသည်။

= = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = = =

(1) Machine Tool Operator Course

(2) Tool and Die Maker Course

(3) Machinery Fitter Course

(4) Motor Vehicle Mechanic Course

(5) Electrical Course

(6) Information Technology Course

(7) Pattern Maker Course

(8) Mechanical Draughtsman Course

(၁) မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေလဲနှုန်း

Name

Email Address

Course of Interest

Message