Post by ITC Sinde | 2019-10-09

Four wheel drive (4WD) စနစ်ဆိုတာ အကြမ်းဖျင်းအားဖြင့် all wheel drive (AWD) စနစ်ပဲဖြစ်ပါတယ်။ သူ့ကို စတင်ခဲ့တာ 1920 နောက်ပိုင်းမှာ ဖြစ်ပြီး world war ll မှာလည်း Jeep အမျိုးစား စစ်ဘက်သုံး off-road truck တွေဟာအထူးပဲ လက်စွမ်းပြခဲ့တာ ဒီ 4WD သုံးထားတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

နောက်ပြီး 4WD သုံးနိုင်တဲ့ engine အမျိုးစားတွေကတော့ front engine , mid engine စတဲ့ အမျိုးစားတွေမှာ တပ်ဆင်အသုံးပြုလေ့ရှိပြီး အထူးသဖြင့် pick up အမျိုးစားတွေနဲ့ light truck အမျိုးစားကားတွေမှာ အသုံးပြုခဲ့ပြန်ပါတယ်။ ဒါ့အပြင် ကားတွေရဲ့ AWD , FWD , RWD ထဲမှာဆိုရင် အားသာချက် အများဆုံးက AWD ပါပဲ နောက်ပြီး starting condition မှာ ဘီးလေးဘီးလုံးယက်တာမို့ တခြား FWD , RWD ထက် ရုန်းအားလည်း ပိုကောင်းစေပါတယ်။ ဒါ့အပြင် အပေါ်မှာ ပြောခဲ့တဲ့ 4WD နဲ့ AWD ဟာ ပုံမှန်အားဖြင့် တူတယ်လို့ ထင်ရပေမဲ့ မတူတဲ့ အချက်က 4WD ဟာ ကားကို လိုအပ်တဲ့ အချိန်မှသာ 4 ဘီးလုံး အလုပ်လုပ်စေတဲ့ စနစ်ပါပဲဖြစ်ပြီး မလိုအပ်ရင် 2WD နဲ့ မောင်းနှင်ရုံပါပဲ။

4WD အလုပ်လုပ်စေမည့် သိသာထင်ရှားစေတဲ့ အချက်လေးတွေနဲ့ ပြရမယ်ဆိုရင်

part time : 4WD မောင်းနှင်ပေးဖို့အတွက်ဖြစ်ပြီး လိုအပ်မှသာ အလုပ်လုပ်ပေးတဲ့ စနစ်ပါ ၎င်း ဟာ off road ကားတွေမှာ ပါဝင်လေ့ရှိပြီး ကားရဲ့ tyre တွေဟာ slip ဖြစ်ပြီလို့တပြိုင်နက် မောင်းလို့မရတဲ့ အခြေနေတွေမှာဆိုရင် ဘီး 4 ဘီးလုံး တူညီတဲ့ torque နဲ့ ဖြည်းဖြည်းချင်း ကားကို ရုန်းပေးပါတယ် သူ့စနစ်ဟာ အမြဲတမ်းအလုပ်လုပ်ပေးတဲ့ စနစ်မဟုတ်တဲ့ အတွက် 4WD part time လို့ခေါ်တာပဲဖြစ်ပါတယ်။ သူရဲ့ အလုပ်လုပ်ပုံကတော့ driver ကနေ 4WD switch ကို နှိပ်ပေးလိုက်တာနဲ့ စပြီးအလုပ်လုပ်ဖို့ အသက်ဝင်ပါပြီ။

full time : သူ့ရဲ့ အလုပ်လုပ်ပုံကတော့ AWD လို့ခေါ်လို့ရသွားပါပြီ ၊ ဒါ့ပြင် on road နဲ့ off road ပါမကျန် နှစ်မျိုးလုံး အကျုံးဝင်သွားပြီး 4 ဘီးလုံးကို တူညီတဲ့ speed နဲ့ လည်စေမှာပဲဖြစ်ပါတယ်။ သူရဲ့ တည်ဆောက်ပုံကတော့ differential က အလည်မှာရှိပြီး ရှေ့နောက် အားလုံးကို တူညီစွာ လည်စေမှာပဲဖြစ်ပါတယ်။

on demand : သူကတော့ electronic system ပါဝင်ပါတ်သက်လာပြီး ကားရဲ့ အလိုလို သိမှုအရ slip ဖြစ်တဲ့ အခြေနေတွေမှသာ အလုပ်လုပ်ပေးပါတယ် ဒီစနစ်ရဲ့ အလုပ်လုပ်ပုံကတော့ အပေါ် နှစ်ခု နဲ့ အနည်းငယ်ကွဲပြီး ကားရဲ့ လိုအပ်ချက်ကို သိတဲ့ control unit တွေနဲ့ torque sensing စနစ်တွေပါဝင်ပါတယ်။

Credit; ဦးကျော်ညိမ်း

Back ⇦

(1) Machine Tool Operator Course

(2) Tool and Die Maker Course

(3) Machinery Fitter Course

(4) Motor Vehicle Mechanic Course

(5) Pattern Maker Course

(6) Mechanical Draughtsman Course

(7) Electrical Fitter Course

(8) Information Technology Course

(၁) အမှတ်(၂)စက်မှုသင်တန်းကျောင်း ( မန္တလေး )

(၂) အမှတ်(၃)စက်မှုသင်တန်းကျောင်း (သာဂရ )

(၃) အမှတ်(၄)စက်မှုသင်တန်းကျောင်း (ပခုက္ကူ )

(၄) အမှတ်(၅)စက်မှုသင်တန်းကျောင်း (မကွေး )

(၅) အမှတ်(၆)စက်မှုသင်တန်းကျောင်း ( မြင်းခြံ )

Name

Email Address

Course of Interest

Message