ဆက်သွယ်တက်ရောက်ရန်

စက်မှုသင်တန်းကျောင်း ( ဆင်တဲ ) သို့ တက်ရောက်လိုသူများသည် အောက်ဖော်ပြပါ နည်းလမ်းနှစ်မျိုးဖြင့် ဝင်ခွင့်လျှောက်လွှာများကို ပေးပို့ လျှောက်ထားနိုင်မည် ဖြစ်ပါသည်။

၁။ သာမန်လျှောက်ထားခြင်း
၂။ Online မှ လျှောက်ထားခြင်း

သာမန်လျှောက်ထားခြင်း

သာမန်လျှောက်ထားခြင်းဖြင့် လျှောက်ထားလိုသူများသည် လျှောက်လွှာပုံစံအား Download ရယူ၍ လိုအပ်သည်များကို ဖြည့်စွက်ခြင်း၊ စာရွက်စာတမ်းအထော်အထားများပြုစုခြင်း ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ဆောင်ရွက်ပြီးစီးပါက လျှောက်လွှာတင်ရန် သတ်မှတ်ထားသည့် နောက်ဆုံးရက်/အချိန် မတိုင်မီ သက်ဆိုင်ရာ လိပ်စာများသို့ အရောက် ပေးပို့ရမည် ဖြစ်ပါသည်။

စာတိုက်မှ ပေးပို့ခြင်း၊ ချောဖြင့် ပေးပို့ခြင်းများကြောင့်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ရက်/အချိန်ထက်နောက်ကျရောက်ရှိလာသည့် လျှောက်လွှာများအား လက်ခံပေးမည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

Online မှ လျှောက်ထားခြင်း

မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ စက်မှုသင်တန်းကျောင်း ( ဆင်တဲ )သို့ တက်ရောက်လိုသူများအနေဖြင့် သင်တန်းဝင်ခွင့်လျှောက်ထားခြင်းအား အချိန်ကုန်သက်သာပြီး မှန်ကန် မြန်ဆန်စွာ လျှောက်ထားနိုင်ရေးအတွက် On-line Entry Service အား ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။

On-line Entry Service ကို အသုံးပြု၍ သင်တန်းဝင်ခွင့် လျှောက်လွှာတင်ခြင်းကို အဆင့် ( ၄ ) ဆင့်ဖြင့် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ အဆင့် တစ်ဆင့်ချင်းစီတွင် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများကို pdf ဖိုင်ပုံစံဖြင့် Scan ဖတ်ပြီး ပေးပို့ရမည် ဖြစ်ပြီး လုပ်ဆောင်ရမည့် လုပ်ဆောင်ချက်များကို တိကျရှင်းလင် ပြသထားပါသည်။

အဆင့်တစ်ဆင့်ချင်းစီးတွင် ဖော်ပြထားသည့် လမ်းညွှန်ချက်များကို လိုက်နာခြင်းဖြင့် On-line Entry Service ကို လွယ်ကူစွာ ရယူနိုင်မည် ဖြစ်ပါသည်။ သာမန်လျှောက်လွှာတင်သည့်စနစ်ဖြင့်ဆောင်ရွက်လိုပါကလည်ုးပါကလည်း Form Downl ကို Click နှိပ်ခြင်းအားဖြင့် လျှောက်လွှာ Download ပြုလုပ်ပြီး လျှောက်ထားနိုင်ပါသည်။

မှတ်ချက်

လျှောက်လွှာတင်ခြင်းမဆောင်ရွက်မီ သင်တန်းဝင်ညွှန်ကြားလွှာအား သေချာစွာ ဖတ်ရှုပါရန် တိုက်တွန်းအပ်ပါသည်။