- Details
- Hits: 1860
- Details
- Hits: 977
- Details
- Hits: 985
အမှတ်(၁)စက်မှုသင်တန်းကျောင်း( ဆင်တဲ ) တွင် စက်မှုကျွမ်းကျင်(၂)နှစ်သင်တန်းအဖြစ် အောက်ပါဘာသာရပ် (၈) ခုကို လေ့ကျင့်သင်ကြား ပေးလျက်ရှိပါသည် -
* စက်ကိရိယာ ကိုင်တွယ်မောင်းနှင်မှုသင်တန်း ( Machine Tool Operator Course )
* ကိရိယာနှင့် ပုံနှိပ်ပုံ ပြုလုပ်သူသင်တန်း ( Tool and Die Maker Course )
* စက်ရုံပစ္စည်း ဖစ်တာသင်တန်း ( Machinery Fitter Course )
* မော်တော်ယာဉ် မက္ကင်းနစ် သင်တန်း ( Motor Vehicle Mechanic Course )
* သွန်းလောင်းပုံသွင်း ပုံစံထုတ်လုပ်သူသင်တန်း ( Pattern Maker Course )
* စက်မှုပုံဆွဲသင်တန်း ( Mechanical Draughtsman Course )
* သတင်းအချက်အလက်နှင့် နည်းပညာသင်တန်း( Information Technology Course )
သင်ကြားသည့် ပုံစံ |
---|
စက်ကိရိယာကိုင်တွယ်မောင်းနှင်မှုသင်တန်း ( Machine Tool Operator Course ) |
---|
စာတွေ့ ဘာသာရပ်များအနေဖြင့် အောက်ပါ ဘာသာရပ်များကို ( ၅၃၆ ) နာရီ သင်ကြားပေးပါသည် -
* English
* Computer
* Technology
* Drawing
လက်တွေ့ ဘာသာရပ်များအနေဖြင့် အောက်ပါ ဘာသာရပ်များကို ( ၂၆၆၄ ) နာရီ လေ့ကျင့် သင်ကြား ပေးပါသည် -
* Manufacturing ( Manual & Machine Tool )
* Sheet Metal / Welding
* Safety and Maintenance
* Basic Electric / Pneumatic
* Tool Grinding & Precision
* CAD / CAM , CNC
* On Job Training
ကိရိယာနှင့် ပုံနှိပ်ပုံ ပြုလုပ်သူသင်တန်း ( Tool and Die Maker Course ) |
---|
စာတွေ့ ဘာသာရပ်များအနေဖြင့် အောက်ပါ ဘာသာရပ်များကို ( ၅၃၆ ) နာရီ သင်ကြားပေးပါသည် -
* English
* Computer
* Technology
* Drawing
လက်တွေ့ ဘာသာရပ်များအနေဖြင့် အောက်ပါ ဘာသာရပ်များကို ( ၂၆၆၄ ) နာရီ လေ့ကျင့် သင်ကြား ပေးပါသည် -
* Manufacturing ( Manual & Machine Tool )
* Sheet Metal / Welding
* Safety and Maintenance
* Basic Electric / Pneumatic
* Production Assembly
* Jig & Fixture / CNC
* On Job Training
စက်ရုံဖစ်တာသင်တန်း ( Machinery Fitter Course ) |
---|
စာတွေ့ ဘာသာရပ်များအနေဖြင့် အောက်ပါ ဘာသာရပ်များကို ( ၅၃၆ ) နာရီ သင်ကြားပေးပါသည် -
* English
* Computer
* Technology
* Drawing
လက်တွေ့ ဘာသာရပ်များအနေဖြင့် အောက်ပါ ဘာသာရပ်များကို ( ၂၆၆၄ ) နာရီ လေ့ကျင့် သင်ကြား ပေးပါသည် -
* Manufacturing ( Manual & Machine Tool )
* Sheet Metal / Welding
* Safety and Maintenance
* Basic Electric / Pneumatic
* Plant Engineering
* Maintance on Plant
* On Job Training
မော်တော်ယာဉ် မက္ကင်းနစ် သင်တန်း ( Motor Vehicle Mechanic Course ) |
---|
စာတွေ့ ဘာသာရပ်များအနေဖြင့် အောက်ပါ ဘာသာရပ်များကို ( ၅၃၆ ) နာရီ သင်ကြားပေးပါသည် -
* English
* Computer
* Technology
* Drawing
လက်တွေ့ ဘာသာရပ်များအနေဖြင့် အောက်ပါ ဘာသာရပ်များကို ( ၂၆၆၄ ) နာရီ လေ့ကျင့် သင်ကြား ပေးပါသည် -
* Basic Industrial Knowledge
* Motor Vehicle Tech System
* Engine and Power Train
* Vehicle Chassis and Body
* Vehicle Electrical System
* Safety and Maintenance
* On Job Training
သွန်းလောင်းပုံသွင်း ပုံစံထုတ်လုပ်သူ သင်တန်း ( Pattern Maker Course ) |
---|
စာတွေ့ ဘာသာရပ်များအနေဖြင့် အောက်ပါ ဘာသာရပ်များကို ( ၅၃၆ ) နာရီ သင်ကြားပေးပါသည် -
* English
* Computer
* Technology
* Drawing
လက်တွေ့ ဘာသာရပ်များအနေဖြင့် အောက်ပါ ဘာသာရပ်များကို ( ၂၆၆၄ ) နာရီ လေ့ကျင့် သင်ကြား ပေးပါသည် -
* Wood Technology
* Hand Tools & Wood Joints
* Pattern Drawing & Machining
* Sharpening Tools
* Foundry Technology
* CAD / CAM , CNC
* Safety and Maintenance
* On Job Training
စက်မှုပုံဆွဲသင်တန်း ( Mechanical Draughtsman Course ) |
---|
စာတွေ့ ဘာသာရပ်များအနေဖြင့် အောက်ပါ ဘာသာရပ်များကို ( ၅၃၆ ) နာရီ သင်ကြားပေးပါသည် -
* English
* Computer
* Technology
* Drawing
လက်တွေ့ ဘာသာရပ်များအနေဖြင့် အောက်ပါ ဘာသာရပ်များကို ( ၂၆၆၄ ) နာရီ လေ့ကျင့် သင်ကြား ပေးပါသည် -
* Manufacturing ( Manual & Machine Tool )
* Design Tech Documents
* Parts & Assembly 3D CAD
* Manufacturing & Finishing
* CAD / CAM , CNC
* Designing Work Order
* Safety and Maintenance
* On Job Training
လျှပ်စစ်ပညာသည်သင်တန်း ( Electrical Fitter Course ) |
---|
စာတွေ့ ဘာသာရပ်များအနေဖြင့် အောက်ပါ ဘာသာရပ်များကို ( ၅၃၆ ) နာရီ သင်ကြားပေးပါသည် -
* English
* Computer
* Technology
* Drawing
လက်တွေ့ ဘာသာရပ်များအနေဖြင့် အောက်ပါ ဘာသာရပ်များကို ( ၂၆၆၄ ) နာရီ လေ့ကျင့် သင်ကြား ပေးပါသည် -
* Measurement and Calculation
* Electrical Wiring
* IT & AC/DC Power Supply
* Digital Control Circuits
* Industrial Drives
* Electrical Motor
* Pneumatic & Electro-pneumatic Devices
* Air Conditioning & Refrigeration
* Safety and Maintenance
* On Job Training
သတင်းအချက်အလက်နှင့် နည်းပညာသင်တန်း ( Information Technology Course ) |
---|
စာတွေ့ ဘာသာရပ်များအနေဖြင့် အောက်ပါ ဘာသာရပ်များကို ( ၅၃၆ ) နာရီ သင်ကြားပေးပါသည် -
* English
* Computer
* Technology
* Drawing
လက်တွေ့ ဘာသာရပ်များအနေဖြင့် အောက်ပါ ဘာသာရပ်များကို ( ၂၆၆၄ ) နာရီ လေ့ကျင့် သင်ကြား ပေးပါသည် -
* Electrical AC/DC
* IT Applications
* Digital Information
* IT Hardware and OS
* IT Network System
* Data Security
* IT Projects
* IT Business Processes
* Safety and Maintenance
* On Job Training
- Details
- Hits: 1164
အမှတ်(၁)စက်မှုသင်တန်းကျောင်း( ဆင်တဲ ) သည် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဆင်တဲရွာအနီးတွင် တည်ရှိ၍ ရန်ကုန်မြို့မှ မိုင် (၁၈၀)ခန့် ကွာဝေးပါသည်။ အကျယ်အဝန်းမှာ (၈၉.၂၀)ဧက ရှိပါသည်။
၁၉၇၀ ပြည်နှစ်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ သင်ကြားမှုအထောက်အကူပစ္စည်းများ ပြပွဲတွင်ပါဝင်ခဲ့သော ပြည်ထောင်စု သမ္မတ ဂျာမနီ နိုင်ငံ၏ ပြသချက်များအပေါ် စိတ်ဝင်စားမှုများရှိခဲ့သဖြင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ တောင်းဆိုချက်အရ စက်မှုသင်တန်းကျောင်းအမှတ် (၃) ( စက်မှုသင်တန်းကျောင်း ဆင်တဲ၏ မူလအမည် ) အား တည်ထောင်ရန် စတင်ခဲ့ပါသည်။ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ အစိုးရထံမှ ပေးပို့သော စက်မှုပညာလေ့ကျင့်ပူးပေါင်းဆောင်ရွက်လိုကြောင်း နှင့် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်လိုကြောင်း စာအရ ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ စီပွားရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီမှ ဒေါက်တာ အမ်ဘရုစတာ ခေါင်းဆောင်သော အဖွဲ့အား ပဏာမ စူးစမ်းလေ့လာမှုများ ပြုလုပ်ရန် ၁၉၇၁ ခုနှစ် ၊ August လတွင် စေလွှတ်ခဲ့ပါသည်။
၁၉၇၂ ခုနှစ် ၊ ဇန်နဝါရီလတွင် ဒေါက်တာ ဘိုလင်ဝါ ဉီးဆောင်သော အဖွဲ့သည် အပြီးသပ်လိုအပ်သော အချက်အလက်များ စုဆောင်းနိုင်ရန်အတွက် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံသို့ လာရောက်ခဲ့ပါသည်။ ထိုကဲ့သို့ လာရောက်စူးစမ်းလေ့လာပြီးနောက် စက်မှုသင်တန်းကျောင်း စီမံကိန်းအား အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ပါသည်။
စီမံကိန်းအား ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ စက်မှုစိုက်ပျိုးနှင့် သက်မွေးပညာ ဉီးစီးဌာနလက်အောက်တွင် စက်မှုသင်တန်းကျောင်း အမှတ် (၃) အနေဖြင့် (၁) မြောက်ဥက္ကလာပ၊ (၂) တောင်ဥက္ကလာပ၊ (၃) သာကေတ မြို့များတွင် နေရာများကြည့်ရှုပြီး တည်ထောင်ရန် စီစဉ်ခဲ့ပါသည်။ ထိုသို့စီစဉ်ဆောင်ရွက်ခဲ့စဉ်အခါက ပြည်ထောင်စုသမ္မတ ဂျာမနီ နိင်ငံနှင့် အခြားဥရောပနိုင်ငံများတွင် ကျင့်သုံးလျက်ရှိသော ယှဉ်တွဲလေ့ကျင့်သင်ကြားရေးစနစ် (Dual Training) ဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများနှင့် ပညာသင်ကျောင်း စနစ်အား ထိရောက်စွာ အကောင်အထည်ဖော်ရန် ခက်ခဲ့မှုရှိမည်ကို တွေ့ရှိလာသဖြင့် အမှတ်(၂)စက်မှုဝန်ကြီးဌာနက တာဝန်ယူရန် ၁၉၇၆ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပခဲ့သော ဝန်ကြီးများအဖွဲ့အစည်းအဝေးက ဆုံးဖြတ်ခဲ့ပါသည်။
အမှတ်(၂)စက်မှုဝန်ကြီးဌာနအနေဖြင့် စက်ပစ္စည်းများနှင့် ကိရိယာများ ထုတ်လုပ်လျက်ရှိသော အကြီးစားစက်မှုလုပ်ငန်း ကော်ပိုရေးရှင်းမှ တာဝန်ယူ အကောင်အထည်ဖော်ရန် တာဝန်ပေးခဲ့ပါသည်။ ထို့ကြောင့် စက်မှုသင်တန်းကျောင်းအား အကြီးစားစက်မှုလုပ်ငန်း ကော်ပိုရေးရှင်းလက်အောက်ရှိ စက်ရုံများ တည်နေရာ၏ အချက်အချာကျသော ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ဆင်တဲကျေးရွာအနီး မိုးကောင်းအနောက်ဘက်တောင်ကြောပေါ်တွင် တည်ထောင်ရန် နှစ်ဉီးနှစ်ဖက် သဘောတူညီခဲ့ကြပါသည်။
စီမံကိန်းအကောင်အထည်ဖော်ရန်အတွက် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံနှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတို့သည် စက်မှုသင်တန်းကျောင်း တည်ထောင်ရန် ကျွမ်းကျင်မှု အကူအညီပေးရေး စာချုပ် ချုပ်ဆိုနိုင်ရန်အတွက် စာချုပ်မူကြမ်းများအား အကြိမ်ကြိမ် ညှိနှိုင်းပြင်ဆင်ခဲ့ပြီးနောက် ၁၉၇၇ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၌ သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြပါသည်။
ယင်းစားချုပ် နောက်ဆက်တွဲအားဖြင့် သင်တန်းကျောင်းဆောက်လုပ်ရေးတွင် လိုအပ်သည့် ပြည်ပမှ ဆောက်လုပ်ရေးနှင့် လျှပ်စစ်ပစ္စည်းများ မှာယူတင်သွင်းရန်အတွက် စီမံကိန်းအား အကောင်အထည်ဖော်လျက်ရှိကြသော ဂျာမနီကျွမ်းကျင်မှု အကူအညီပေးရေးအေဂျင်စီလီမိတက် (GIZ)နှင့် အကြီးစားစက်မှုလုပ်ငန်းကော်ပိုရေးရှင်းတို့သည် ငွေကြေးသုံးစွဲမှုဆိုင်ရာ စာချွန်လွှာ လဲလှယ်ခဲ့ကြပါသည်။
သဘောတူစာချုပ်အရ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံသည် စက်မှုသင်တန်းကျောင်း အတွက်လိုအပ်မည့် စာသင်ခန်းများ၊ အလုပ်ရုံများ၊ နိုင်ငံခြားသားကျွမ်းကျင်သူများအတွက် နေအိမ်များ၊ ကျောင်းသား ကျောင်းသူများ နေထိုင်ရန် အဆောင်များနှင့် လိုအပ်သော ကျောင်းအဝင်လမ်း၊ ရေ၊ မီးသွယ်တန်းခြင်း လုပ်ငန်းများအား တာဝန်ယူရပါသည်။ ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံအနေဖြင့် စာသင်ခန်းသုံး ပစ္စည်းကိရိယာများ ၊ စက်များနှင့် အခြား လိုအပ်သော သင်ထောက်ကူ သင်တန်းသုံးကိရိယာများအား ထောက်ပံ့ ကုညီခဲ့ပါသည်။
စက်မှုသင်တန်းကျောင်းတွင် ဘာသာရပ်(၇)မျိုး လေ့ကျင့်သင်ကြားပေးနိုင်ရေးအတွက် လိုအပ်သော စက်ကိရိယာများ ရုံးသုံးပရိဘောဂများ၊ ဆောက်လုပ်ရေးနှင့် ရေ ၊ လျှပ်စစ် မိလ္လာပစ္စည်းများ၊ ကျွမ်းကျင်သူ အကူအညီများရရှိသည့်အပြင် မြန်မာသင်တန်းဆရာများအား မြန်မာနိုင်ငံတွင် လေ့ကျင့်သင်ကြားခြင်းနှင့် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံသို့ စေလွှတ်၍ လေ့ကျင့်သင်ကြားပေးခြင်းများ ပြုလုပ်နိုင်ခံပါသည်။ ဂျာမန် ကျွမ်းကျင်ပညာရှင်များကိုလည်း ဂျာမနီကျွမ်းကျင်မှုအကူအညီပေးရေးအေဂျင်စီလီမီတက် (GIZ)၏ အစီအစဉ်ဖြင့် သင်တန်းကျောင်းသို့ စေလွှတ်၍ နည်းပြများအား လေ့ကျင့်သင်ကြား ပေးခဲ့ပါသည်။
ရင်းနှီးမြှုပ်နှံမှု |
---|
စက်မှုသင်တန်းကျောင်း(ဆင်တဲ) စီမံကိန်းအတွက် ဆောက်လုပ်ရေးလုပ်ငန်းများ၊ စက်ပစ္စည်းကိရိယာများနှင့် စက်မှုပညာသည်များ အတွက် အကြီးစာစက်မှုလုပ်ငန်းကော်ပိုရေးရှင်းက ဂျာမီမတ်ငွေ (၁၀.၂၄၁)သန်းနှင် ဆောက်လုပ်ရေးနှင့် လျှပ်စစ်ပစ္စည်းများ၊ စက်ကိရိယာများ၊ နို်ငံခြားသားကျွမ်းကျင်သူများအတွက် စာစရိတ်များနှင့် မြန်မာနည်းပြများအား နိုင်ငံခြားတွင်ပညာသင်ကြားစရိတ်များအတွက် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံက ဂျာမန်မတ်ငွေ (၂၅.၅၄၂)သန်း၊ စုစုပေါင်း ဂျာမန်မတ်ငွေ (၃၅.၇၈၃)သန်း ရင်းနှီးမြှုပ်နှံခဲ့ပါသည်။
သင်တန်းကျောင်းဖွင့်လှစ်ခြင်း |
---|
စက်မှုသင်တန်းကျောင်း(ဆင်တဲ)၏ သင်တန်းအမှတ်စဉ်(၁)ကို ၁၉၇၉ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဘာသာရပ် (၆) မျိုး၊ သင်တန်းသား (၁၀၈)ဉီးဖြင့် စတင်ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပါသည်။ ၁၉၈၁ ခုနှစ်တွင် ဘာသာရပ် (၂)မျိုး ထပ်တို၍ ဘာသာရပ် (၈)မျိုး ဖြင့်သင်ကြားပေးနိုင်ခဲ့ပါသည်။
သင်တန်းကာလပြောင်းလဲခြင်း |
---|
စက်မှုသင်တန်းကျောင်း(ဆင်တဲ) စတင်ဖွင့်လှစ်ချိန်တွင် သင်တန်းကာလမှာ (၃)နှစ်ဖြစ်ပြီး ယှဉ်တွဲလေ့ကျင့်ရေးစနစ် (Dual Training) ဖြင့်သင်ကြားပေးခဲ့ပါသည်။ နိုင်ငံတော်၏ လိုအပ်ချက်များအရ သင်တန်းကာလ(၃)နှစ် ၊ (၂)နှစ် ၊ (၁)နှစ် စသည်ဖြင့် ပြောင်းလဲခဲ့ပါသည်။
သင်တန်းအမှတ်စဉ် (၁) မှ (၁၇) အထိ သင်တန်းကာလမှာ (၃)နှစ်၊ သင်တန်းအမှတ်စဉ် (၁၈) မှ (၂၇) အထိ သင်တန်းကာလမှာ (၂)နှစ်ဖြစ်ပြီး သင်တန်းအမှတ်စဉ် (၂၈) မှ (၃၆) အထိ သင်တန်းကာလ မှာ (၁)နှစ် ဖြစ်ပါသည်။
၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သော သင်တန်းကျောင်းအဆင့်မြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအရ ဂျာမနီအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျာင်စီ (GIZ)၏ အကူအညီဖြင့် ဆောင်ရွက်သောလုပ်ငန်းများတွင် ပါဝင်သော လုပ်ငန်းတစ်ခု အဖြစ် သင်ရိုးညွှန်းတမ်းများကို ခေတ်နှင့်အညီ အသစ်ပြန်လည် ရေးဆွဲခဲ့ပြီး အဆိုပါ သင်ရိုးညွှန်းတမ်းအသစ်များကို အသုံးပြု၍ သင်ကြားပေးသော စက်မှုကျွမ်းကျင် (၂)နှစ်သင်တန်းကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် စတင်ဖွင့်လှစ် နိုင်ခဲ့ပါသည်။
ဆက်လက်၍ စက်မှုကျွမ်းကျင်(၂)နှစ်သင်တန်း အမှတ်စဉ် (၃၈)ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၉) ရက်နေတွင် ဖွင့်လှစ်၍ သင်ကျားလေ့ကျင့်ပေးလျက် ရှိပါသည်။
ပူးပေါင်းဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းများ |
---|
ဂျာမနီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (GIZ) (German International Gooperation Agency - Deutsch Gesellschaft fur Internationale Zusammenarbeit (GIZ)GmbH) နှင့် ပူးပေါင်းဆောင်ရွက်မှုများ -
(1) နည်းပညာနှင့်သင်ထောက်ကူစက်ပစ္စည်းများ ထောက်ပံ့ခြင်း
(2) Development Advisor များ ခန့်ထားပေးခြင်း
(3) 5S LEAN Management အကောင်အထည်ဖော်ခြင်း
(4) NSSA Assessment Center များအတွက် စက်ပစ္စည်းများထောက်ပံ့ခြင်း
(5) International Networking & IT Maintenance Program ထောက်ပံ့ခြင်း
(6) ISO Certification Program ထောက်ပံ့ခြင်း
(7) Safety Management Program များအကောင်အထည်ဖော်ရာတွင် ထောက်ပံ့ခြင်း
(8) Industrial Coordination လုပ်ငန်းများ ထောက်ပံ့ခြင်း
(9) TVET School Networking လုပ်ငန်းများ ထောက်ပံ့ခြင်း
(10) သင်ရိုးညွှန်းတမ်းအသစ်များ ရေးဆွဲရာတွင် ထောက်ပံ့ခြင်း
(11) နည်းပြလေ့ကျင့်ရေးသင်တန်းများ (Technical , didactic , School Management , In house training , Coaching , Quality Management) ထောက်ပံ့ခြင်း
ဂျာမနီနိုင်ငံ KfW ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (KfW Dovelopment Bank - Kreditanstalt fur Wiederaufbau) နှင့် ပူးပေါင်းဆောင်ရွက်မှုများ -
(1) နည်းပညာမြင့်ခေတ်မှီသင်ထောက်ကူ ပစ္စည်းများ ထောက်ပံ့ခြင်း
(2) Supplier Training များ လေ့ကျင့်ပေးခြင်း
(3) နည်းပြလေ့ကျင့်ရေးသင်တန်းများ Teacher Training Measures (TTM) Training ထောက်ပံ့ခြင်း
(4) Industrial Teachers Training (ITT)-Internship Project များ စေလွှတ်ထောက်ပံ့ခြင်း
(5) Solar Photovoltaic (PV) System Implementation Project အကောင်အထည်ဖော် ထောက်ပံ့ခြင်း
မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု 'စံ' သတ်မှတ်ပြဌာန်းရေးအဖွဲ့ (National Skills Standard Authority-NSSA) နှင့် ပူးပေါင်းဆောင်ရွက်မှုများ -
အမှတ်(၁)စက်မှုသင်တန်းကျောင်း(ဆင်တဲ)သည် အောက်ပါအလုပ်အကိုင်များတွင် NSSA အသိအမှတ်ပြု ကျွမ်းကျင်မှုစစ်ဆေးသောဌာန (NSSA Certified Assessment Center) လက်မှတ်များ ရရှိထားပါသည် -
(1) Machinist (Machine Tool Operator) (Level-1)
(2) Automotive Mechanic (Level-1)
(3) Maunal Metal Arc Welder (Level-1)
(4) Gas Metal Arc Welder (Level-1)
NSSA အသိအမှတ်ပြု ကျွမ်းကျင်မှုစစ်ဆေးသူ (NSSA Certified Assessor)လက်မှတ်ရရှိထားသော အလုပ်အကိုင် အလိုက် ကျွမ်းကျင်မှု စစ်ဆေးသူ (၁၃)ဦး ရှိပြီး NSSA နှင့် ပူးပေါင်းကာ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ရ လုပ်သားများကို စစ်ဆေးမွေးထုတ် ပေးလျက်ရှိပါသည်။
အမှတ်(၁)စက်မှုသင်တန်းကျောင်း (ဆင်တဲ)
ပန်းတောင်းမြို့နယ် ၊ ပဲခူးတိုင်းဒေသကြီး။
ဖုန်း - ၀၅၃-၄၀၀၂၃ ၊ ၀၉-၂၀၃၂၆၀၈
Email :
Website : www.itcsinde.edu.mm
SKILL - HONOUR - ABILITY
ကျွမ်းကျင် - ရိုးသား - စွမ်းရည်မြင့်မား
စက်မှုသင်တန်းသား
- Details
- Hits: 20511
သမိုင်းနောက်ခံအကျဉ်း