သင်တန်းကျောင်းရှိ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ သင်တန်းသား/သူများရဲ့ သက်သာချောင်ချိရေးအတွက် ရေသန့်စနစ်တည်ဆောက်ပြီး ရလာတဲ့ရေကို ဓာတ်ခွဲခန်းပို့၊ စမ်းသပ်လို့ ရလာတဲ့အဖြေအရ သောက်သုံးဖို့ သင့်တော်တယ်ဆိုလို့ ရေသန့်ဘူးများ စတင်ဝေငှခဲ့ပါတယ်။
ပထမဆုံးအကြိမ်က အခမဲ့ ပေးဝေတာပါ။ နောက်ထပ်ယူမှပဲ ၂၀ လီတာတစ်ဘူးကို ၃၀၀ ကျပ်ပါ။
အခမဲ့ပေးသွားချင်ပေမယ့် ပြုပြင်ထိန်းသိမ်းတဲ့ကုန်ကျစရိတ်ကို ကာမိအောင်ရယ်၊ ရေရှည်တည်မြဲအောင်ရယ်ပါ။