စာကြည့်တိုက်မှာ စာဖတ်သူဦးရေ ပိုမိုများပြားလာစေရေးအတွက် စဉ်းစားလို့ ရသမျှ နည်းလမ်းတွေနဲ့ ဆောင်ရွက်နေပြီး စာကြည့်တိုက်အဖွဲ့ဝင် ဆရာ/ဆရာမများရဲ့ အကြံပြုချက်တွေအရ စာအုပ်ငှားချိန်ကို တိုးပေးတာမှာ စာကြည့်တိုက်အသင်းဝင်ဦးရေ တိုးတက်လာပါတယ်။
စာကြည့်တိုက်အဖွဲ့ဝင် သင်တန်းသား/သင်တန်းသူများဆီကလည်း အကြံဉာဏ်များ ရယူဆောင်ရွက်လျက်ရှိပြီး စာဖတ်သူဦးရေတိုးပွားစေရေးအတွက် အကြံဉာဏ်များ ပေးလိုပါက ပေးနိုင်ပါကြောင်းနှင့် သင်တန်းကျောင်းက လိုက်လံဆောင်ရွက်နိုင်တာမှန်သမျှ အလေးထားလိုက်နာသွားမှာပါ။