အမှတ်(၁)စက်မှုသင်တန်းကျောင်း(ဆင်တဲ)ရဲ့ ၄၅ နှစ်မြောက် နှစ်ပတ်လည်နေ့၊ နီလာရတုအခမ်းအနားကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ဖိတ်ကြားထားသည့် ဧည်သည်တော်များမှ အမှတ်တရ စာတိုများချီးမြှင့်ပေးခြင်း၊ သင်တန်းကျောင်း၏ ၄၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ကျောင်းအုပ်ကြီးနှင့် ဧည့်သည်တော်များမှ ဖဲကြိုးဖြတ်ဖွင့်လှပ်ပေးခြင်း၊ အမှတ်တရ ဓါတ်ပုံရိုက်ခြင်း၊ သင်တန်းကျောင်း၏ ၄၅ နှစ်မြောက် နီလာရတု အထိန်းအမှတ် အဖြစ် ယုဇနပင် စိုက်ပျိုးပေးခြင်း၊ သင်တန်းသား/သင်တန်းသူများနှင့် ဆရာ/ဆရာမများ စုပေါင်း ဖြော်ဖြေရေးအစီအစဉ်ဖြင့် ဧည့်ခံခြင်း၊ အကြေးအမွေးများဖြင့် တည့်ခင်းဧည့်ခံခြင်းများ ဆောင်ရွက်ခဲ့ပါသည်။